|
 |
Quote - 15
A nation that conitues year after year to spend more money on millitary defense than it does on social uplift is approching spritural death. (Martin Luther King, Jr)
သူတို့ပြောပုံ - ၁၅
ငွေကြေးကို လူမှုဘဝ မြှင့်တင်ရေးတွင် အသုံးပြုသည်ထက် စစ်တပ် ကာကွယ်ရေး အသုံးစရိတ်အတွက် တစ်နှစ်ပြီး တစ်နှစ် အဆက် မပြတ် ပိုမို အသုံးပြုနေသည့် နိုင်ငံသည် စိတ်ပိုင်းဘဝ ဆုံးရှုံးခြင်းသို့ ချဉ်းကပ်နေခြင်း ဖြစ်၏။ (မာတင်လူသာကင်း)
|
|
Quote - 14
Buddhist or not Buddhist, I have examined every one of the great religious systems of the world, and in none of them have I found anything to surpass, in beauty and comprehensiveness, the Noble Eightfold Path and the Four Noble tgruth of the Buddha. I am content to shape my life according to that path. (Prof. Rhys Davids)
သူတို့ပြောပုံ - ၁၄
ဗုဒ္ဓဘာသာဝင်ဟု ဆိုဆို မဆိုဆို၊ ကမ္ဘာပေါ်ရှိ ဘာသာကြီး တိုင်းကို ကျွန်ုပ် လေ့လာထားမိ သလောက် မည်သည့် ဘာသာတရားတွင်မှ အလှတရားနှင့် နားလည်မှုအရ ဗုဒ္ဓ၏ မဂ္ဂင် ရှစ်ပါး၊ သစ္စာလေးပါးထက် သာလွန်သည့် တရားဓမ္မမျိုးကို မတွေ့မိ။ ထိုလမ်းစဉ်နှင့် အညီ ကျွန်ုပ် ဘ၀ အား ပုံဖော်ရသည်ကို ကျွန်ုပ် ကျေနပ်၏။
|
|
Quote - 13
The Law, to which reference is made repeatedly in these edicts, was the Law of the Buddha. Ashoka became an ardent Buddhist and tried his utmost to spread the Dharma. But there was no force or compulsion. It was only by winning men's hearts that he sought to make converts. Men of religion have seldom, very seldom, been as tolerant as Ashoka. (J. Nehru, Glimpses of World History, p. 63)
သူတို့ပြောပုံ - ၁၃
ထို (အသောကမင်း စိုက်ထူခဲ့သော) ကျောက်စာများ၌ အကြိမ်ကြိမ် ရည်ညွှန်းခဲ့သည့် ဓမ္မ ဟူသည် ဗုဒ္ဓ၏ ဓမ္မ ဖြစ်၏။ အသောကမင်းသည် ဗုဒ္ဓ၀ါဒကို ကောင်းစွာ လိုက်နာသူ ဖြစ်သွားပြီး ဗုဒ္ဓဓမ္မပြန့်ပွားရန် အစွမ်းကုန် ကြိုးစား၏။ သို့ရာတွင် အတင်းအကြပ် ဆောင်ရွက်သည်ကား မဟုတ်ချေ။ လူအများ၏ နှလုံးသားကို အောင်မြင်ခြင်းဖြင့်သာ ဘာသာကူးပြောင်းမှုကို ဆောင် ရွက် ၏။ အသောကမင်းကဲ့သို့ သည်းခံနိုင်သူ ဘာသာရေး ပုဂ္ဂိုလ်ကား ရှားမှ ရှားတည်း။
|
|
Quote - 12
One who has gone forth should often reflect: 'How am I spending my nights and days?'
သူတို့ပြောပုံ - ၁၂
ကထံ ဘူတဿ မေ ရတ္တဒိဝါ ၀ီတိဝတ္တန္တီတိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ (အံ ၃၊ ၃၂၅)။
မေ၊ ငါသည်။ ကထံ ဘူတဿ၊ မည်သို့ ဖြစ်နေစဉ်။ ရတ္တိဒိဝါ၊ ညဥ့်နေ့တို့သည်။ ၀ီတိဝတ္တန္တိ၊ ငါ့ကို လွန်၍သွားကြသနည်း။ ဣတိ၊ ဤသို့။ ပဗ္ဗဇိတေန၊ ရဟန်းဖြစ်သူသည်။ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊ မပြတ် ဆင်ခြင်ရမည်။
|
|
Quote - 11
Awakening of queen Khemā Oh, this form (body), which is of four elements, is impure in reality. It is indeed loathsome. Foolish women having no insight relish this impure, loathsome body.
သူတို့ပြောပုံ - ၁၁
ခေမာမိဖုရား၏ သံဝေဂ
ဓီရတ္ထု ရူပံ အသုစိ၊ ရမန္တေ ယတ္ထ ဗာလိယာ။ ရူပံ၊ ဓာတ်လေးပါးဆောင် ဤရုပ်ကောင်သည်။ အသုစိ၊ ပင်ကိုယ် သူ့သဘောဝယ် မစင်ကြယ်ပါတကား။ ဓီ၊ စက်ဆုပ် ရွံရှာဖွယ်သည်။ အတ္ထု၊ ဖြစ်စွတကား။ ယတ္ထ၊ ယင်းသို့ မစင်မကြယ် ထွီဖွယ်ဖြစ်သော ရုပ်ကောင်၌၊ ဗာလိယာ၊ ပညာအန္ဓ အမိုက်မတို့သည်။ ရမန္တေ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကုန်၏တကား။
|
|
|
|
|
 |
|
|
|
|
|