Alodawpyie Meditation Center
www.kelasa.org

လာရောက် ကြည့်ရှုသူ မိတ်ဆွေ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။

This page has been visited
7283
times.

(၁) ဒါနစေတနာနဲ့ ဒါနစေတနာရဲ့ အကျိုးကို ယုံကြည်ပြီး လှူတယ်။
(၂) ကိုယ်ပြုတဲ့ အလှူကို လေးစားတယ် .. ဥပမာ အဦးအသစ်ကို လှူခြင်း၊
     တိရိစ္ဆာန် သူတောင်းစားတွေကို စွန့်သလို မလုပ်ခြင်း။
(၃) အချိန်အခါ အလိုက် လှူဒါန်းဖို့ ကြုံလာရင် လက်မနှေးဘူး။
(၄) လှူထားတဲ့အလှူဝတ္ထုအပေါ် တွယ်တာ မနေဘူး။
(၅) မိမိသူတစ်ပါး နှစ်ဦးသားကို မထိခိုက်စေဘဲ လှူတယ်။
     'သဒ္ဓါပွား လေးစားရာ ချိန်ခါမှတ် မကပ်ငြိ မထိပါး
     ငါးမျိုးလှူ သူတော်ကောင်း' (အံ ၂၊ ၁၅၂)။

     ထို့ပြင် ..
(၁) မလှူခင် ကိုယ်လုပ်မယ့် အလှူကို စဉ်းစားပြီး ဝမ်းမြောက်နေရတယ်။
(၂) လှူဆဲမှာလည်း စိတ်တက် ကြွနေရတယ်။
(၃) ပြုလုပ်ပြီး အလှူကို မကြာမကြာ ဆင်ခြင်ရတယ်။
    အဲဒီနောက် အောင်မြင်တဲ့ ဒါန ဖြစ်ပါလိမ့်မယ်။
 
Successful Donation
There are five gifts of a good person. What five?
(1) He gives a gift out of faith.
(2) He gives a gift respectfully.
(3) He gives a timely gift.
(4) He gives a gift unreservedly.
(5) He gives a gift without injuring himself or others.
     And ..
(1) Feel pleased after you determined to donate.
(2) Be full of joy while you are making donation.
(3) Reflect on the donation which you have done.
     Then, it can be ''a successful donation."

အလိုတော်ပြည့်ဗုဒ္ဓဓမ္မရိပ်သာ၊ AZ Apache Junction မြို့
၂၀၁၅-ခုနှစ်၊ သာသနာပြုကုသိုလ် အလှူစာရင်းများ
၁။ Lot donors (မြေကွက် အလှူရှင်များ)
    တို့မြို့တို့ရွာ တို့သာသနာ ရောင်ဝါနေသို့ ထွန်းစေသား။
    ထွန်းလင်းသာသနာ မြေကမ္ဘာ မှန်စွာငြိမ်းချမ်း အေးစေသား။
၂။ Monthly general donors (လစဉ် အထွေထွေ အလှူရှင်များ)
    လစဉ်ပြုကြ ထိုဒါန ခဏခဏ အောက်မေ့ပါ။
    အောက်မေ့ကြတုံ ကုသိုလ်ထုံ အကုန်ကျော်လွှားမှာ။
၃။ Monthly water donors(လစဉ် ရေအလှူရှင်များ)
    အသက်သခင် ရေလှူလျှင် လူတွင်ပြိုင်စံရှား။
    သက်ရှည်ကျန်းမာ ဘေးရန်ကွာ ပူဗျာဝေး၍သွား။
၎။ Monthly electricity donors (လစဉ် မီးအလှူရှင်များ)
    မီးအလှူရှင် ကြောင်းကျိုးမြင် ဉာဏ်ရွှင်ထက်မြက် သွက်လက်သည်။
    သွက်လက်ချက်ချာ ဤလူ့ရွာ အရာခပ်သိမ်း အောင်နိုင်သည်။
၅။ Monthly medical donors (လစဉ် ဆေးအလှူရှင်များ)
    သံဃာရည်မှန်း ဆေးလှူဒါန်း ရွှင်လန်းတက်ကြွသည်။
    သက်ရှည်ကျန်းမာ ဘေးရန်ကွာ လိုရာဆန္ဒ ပြည့်လိမ့်မည်။
၆။ Weekly meal donors (အပတ်စဉ် ဆွမ်းအလှူရှင်များ)
    သံဃာရည်မှန်း သဒ္ဓါဆွမ်း လှူဒါန်း အကျိုးငါး။
    သက်ရှည်ဆင်းလှ ချမ်းသာရ ဗလဉာဏ်ကြီးမား။
 

ကုသိုလ်ပြုလိုပါလျှင် အထက်ပါ အလှူ ၆-မျိုးအနက် နှစ်သက်ရာကို ရွေးချယ်ပြီး ပါဝင်နိုင်ပါသည်။

If you want to contribute, you may select one of the above 6 types.