Alodawpyie Meditation Center
www.kelasa.org

လာရောက် ကြည့်ရှုသူ မိတ်ဆွေ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။

This page has been visited
997
times.

အရှင်ကေလာသရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ
ဓာတ်ပုံများ ကြည့်ရန် >>
တရားများ နာယူရန် >>
မွေးတဲ့နေရာ
ရမ်းဗြဲမြို့က တောင်ကုတ်မြို့ကို သင်္ဘောနဲ့လာရင် မြစ်ထဲက ဧရာမ ကျောက်ဆောင်ကြီးပေါ်မှာ ထုံးဖြူဖြူနဲ့ စေတီတစ်ဆူကို ဖူးရလိမ့်မယ်။ အဲဒီ စေတီနားကရွာမှာ ဘုန်းကြီးကို မွေးတာ။ ပါးစပ်ရာဇဝင်အရ တစ်ချိန် က ကာလီဒါသဘွဲ့ အမည်နဲ့ ရသေ့တစ်ပါး သီတင်းသုံးခဲ့ဖူးတဲ့ နေရာ ဖြစ်လို့ “ကာလီဒါသရွာ” တဲ့။ ယခုအခေါ်ကတော့ “ကလိန်တောင်ရွာ”ပေါ့။ ၁၉၅၉-ခုနှစ်၊ မေလ ၄ ရက်နေ့ဖွား ရခိုင်အမျိုးသား ဖြစ်ပါတယ်။ ရွာဦး ကျောင်းမှာ ကိုရင်ဝတ်တော့ အသက် ၁၄ နှစ် ။
ပညာသင်
အဲဒီနောက် တောင်ကုတ်-တန်းလွဲ-ရွာမကျောင်းမှာ အခြေခံဗုဒ္ဓစာပေကို သင်ပြီး ပထမလတ် အောင်တော့ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ကျောင်းတိုက်မှာ ပညာဆက်သင်လို့ ၁၉၇၉-ခုနှစ်မှာ “သာသနဓဇဓမ္မာ စရိယဘွဲ့” ရတယ်။ အဲဒီနှစ်မှာပဲ ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ ရဟန်း ဖြစ်တယ်။ ရဟန်းဒကာ ဒကာမတွေက ဦးကျင်လှိုင် ဒေါ်တင်ကြည် မိသားစု။ ၁၉၈ဝ-၈၄ နှစ်တွေတုန်းက အင်းစိန်မြို့၊ အောင်ဆန်းတောရ စာသင်တိုက် (ယခု ရွှေပြည်သာ မြို့) မှာ စာပေ ပို့ချရင်း ဆယ်တန်းဖြေဖို့ ကျူရှင်တက်တယ်။ ၁၉၈၅ ခုနှစ်မှာ ဆယ်တန်း အောင်တယ်။
နိုင်ငံတော်ပရိယတ္တိ
၁၉၈၆-ခုနှစ်၊ ရန်ကုန်မြို့မှာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကို စဖွင့်တဲ့ အခါ ပထမဆုံး တက်ရောက်ခွင့်ရတဲ့ ၃၃ ပါးမှာ ပါတယ်။ ၁၉၉၂ မှာ ရန်ကုန်တက္ကသိုလ် စာပေးစာယူ ဘီအေ (ဒဿနိက)ဘွဲ့၊ ၁၉၉၃ မှာ “ဝိနယပိဋက၌လာသော စံတော်ဝင် နီတိကထာများ” ကျမ်းကို တင်သွင်း လို့ နိုင်ငံတော်ပရိယတ္တိက မဟာဓမ္မာစရိယဘွဲ့တွေ ရတယ်။ ၁၉၉၃-၉၅ ထိ ဝိနယပိဋကမဟာဌာန နယဒေသက (နည်းပြ)၊ ၁၉၉၅-၉၆ မှာ အင်္ဂ လိပ်စာဌာန နယဒေသက၊ ၁၉၉၇-၂ဝဝဝ မှာ ဂဏဝါစက (ကထိက) အနေနဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ စာပေပို့ချတယ်။
ဆရာအရှင်တွေ
ကံ့ကူလက်လှည့် ငယ်ဆရာတွေကတော့ မွေးရပ်မြေက ရွာဦးကျောင်း ဆရာတော်တွေနဲ့ ဓမ္မကထိကအကျော် တန်းလွဲ-ဦးကောဝိဒ (ယခု ရွာမ ဆရာတော်) တို့ပါပဲ။ ရွှေဟင်္သာတောရ မဟာထေရ်ကြီးတွေ၊ နိုင်ငံတော် ပရိယတ္တိက စာချအကျော် ဆရာတော်တွေနဲ့ လူပုဂ္ဂိုလ် ဆရာကြီးတွေဆီမှာ ပညာဆည်းပူးပါတယ်။ အင်းစိန်-ဖော့ကန်က ဝါဦးကျောင်း ဆရာတော် ဘဒ္ဒန္တသုနန္ဒနဲ့ ရှစ်မိုင်က ဆရာဦးသာဦးတို့ဆီမှာ အင်္ဂလိပ်စာ အခြေခံကို သင်ယူပါတယ်။ ပါဠိ ပါမောက္ခ ဆရာကြီး ဦးတင်လွင်နဲ့ မြန်မာစာ ကထိက ဆရာကြီး ဦးစံတင်တို့ဆီမှာလဲ အင်္ဂလိပ်စာ ကို နည်းခံဖူးပါတယ်။
ကျမ်းစာ ထုတ်ဝေ
မြတ်ဗုဒ္ဓ ပွင့်တော်မူရာမဇ္ဈိမဒေသ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း၊ မြန်မာ နိုင်ငံ ပါဠိစာပေသမိုင်း၊ ဗုဒ္ဓဓမ္မ အနှစ်ချုပ်၊ ဗုဒ္ဓဝါဒ အမေးအဖြေကျမ်း၊ နိဗ္ဗာန်အယူအဆကို ထေရဝါဒရှုထောင့်မှ လေ့လာသုံးသပ်ခြင်း .. ကျမ်း များကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့။                 burmeseclass.com တွင် ဓမ္မအမေး အဖြေများကို ဖြေကြားဆဲ။ ၂ဝ၁ဝ ခုနှစ်က မြန်မာနိုင်ငံမှာ ဓမ္မအမေး အဖြေများ (အမှတ် ၁ နှင့် ၂) စာအုပ်ကို ပထမအကြိမ် ထုတ်ဝေရာမှာ Best Seller ဖြစ်ခဲ့ကြောင်း MRTV4 နဲ့ အခြား သတင်းမီဒီယာတွေမှာ ဖော်ပြခံရ။ “ဗုဒ္ဓဖြစ်တော်စဉ် တိဗက်မှတ်တမ်းများ” (W. Woodville Rockhill, The Life of the Buddha and Early History of his Order) ကို မကြာမီ ထုတ်ဝေမည် ဖြစ်ပြီး Tāranātha ၏ History of Buddhism in India ကျမ်းကို မြန်မာပြန်နေဆဲ။
အမေရိကမှာ
ပြည်တွင်းပြည်ပ သာသနာပြုအကျော် အလိုတော်ပြည့်ဆရာတော် ဘဒ္ဒန္တ အရိယဝံသမထေရ် စေလွှတ်လို့ သက္ကရာဇ် ၂ဝဝဝ-ပြည့်က အမေရိကကို ကြွရောက်ခွင့် ရခဲ့တာပါ။ ကန္တာရမြေ အရီဇိုးနားက အလိုတော်ပြည့် ဗုဒ္ဓ ဓမ္မရိပ်သာမှာ သီတင်းသုံးရင်း စာမဖွဲ့လောက်ပေမဲ့ ပြောပြ ချင်တာက Tucson မြို့က Redemptorist Renewal Center လို့ခေါ်တဲ့ ရိုမန်ကက်သိုလစ် ဘုရားကျောင်းမှာ တစ်နစ်ခွဲလောက် ကမ္မဋ္ဌာန်းနဲ့ ဗုဒ္ဓဓမ္မအကြောင်းကို ပို့ချဖူးတာ၊ အဲဒီ အတွေ့ အကြုံနဲ့ပဲ တနင်္ဂနွေနေ့တိုင်း လူမျိုးခြားတွေကို ရိပ်သာမှာ ကမ္မဋ္ဌာန်းနဲ့ ဗုဒ္ဓဝါဒအကြောင်း ပို့ချ နေတယ် ဆိုတာပါပဲ။
Biography

Being born on May 4, 1959 in Rakhine State in Burma, Ashin Kelasa underwent basic Buddhism studies at Tanlwe-Ywarma Monastery School (TMS) in Taung Gup township. After graduating from the Buddhist High School or Patha-malat in Burmese from TMS, he continued his undergraduate studies at Shew Hinthar Tawya College. In 1979, he received a Bachelor of Dhammā-cariya degree.      

After passing the State High School Examination administered by the Ministry of Education, Burma, he was admitted to the State University of Pariyatti Sāsana (SUPS) in Rangoon in 1986. He received B.A. Philosophy in 1992 and M.A. Buddhism in 1993.  He has more than ten years of teaching experience at SUPS. He was an instructor (Nayadesaka in Burmese) at the Faculty of Vinaya Pitaka from 1989 to 1992 and was an instructor at the Faculty of English from 1993 to 1996. Later he was promoted to a lecturer rank in the Faculty from 1997 to 2000.

In 2000, he was assigned a mission to propagate Budhhism abroad by Alowdawpyie Sayadaw. Since then he has been living in Alowdawpyie Mediation Center (AMC) to carry out his mission. Based on his 25 years of meditation experience and knowledge of Buddha teachings, he has been providing medication training and dhamma talks to the communities.

His mediation classes have attracted many non-Buddhists because there is ‘no’ requirement to be a Buddhist to participate in his classes. His mediation methods are universal and could be applied to everyday practice in order to attain peace and tranquility in everyday life.

He had translated some Buddhism books into Burmese including Nibbāna in Theravāda Perspective by Dr. Ashin Damapiya, History of Buddhism in Ceylon by Dr. W. Rāhula, The Pāli Literature of Burma by Dr. M.H. Bode, A Pilgrim's Gide to Buddha's India, Middle Land Middle Way, by S. Dhammika, Buddhism in Nutshel by Ven. Nārada Mahāthera, The Buddhist Catechism by Henry S. Olcott. In 2010, his book titled Questions and Answers in Buddhism in Burmese was ranked as first in the list of best sellers by MRTV4.

His translation work of The Life of the Buddha and Early History of his Order by W. Woodville Rockhill is to be published soon and he is working on Tāranātha's History of Buddhism in India . In addition, he has been a columnist in Buddhism Questions and Answers at burmeseclassic.com for many years.