Alodawpyie Meditation Center
www.kelasa.org

လာရောက် ကြည့်ရှုသူ မိတ်ဆွေ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။

This page has been visited
33245
times.

(၁၄) ကြိမ်မြောက် အလိုတော်ပြည့်ဗုဒ္ဓဓမ္မရိပ်သာ
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၆-ခုနှစ်၊ ဇူလိုင်လ ၃-ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၁၀း၀၀ နာရီတွင် ကျင်းပပါမည်။



အိမ်သာတော်လှန်ရေး

မြို့ကို မလာခင် အစဉ်အလာအရ တောက ဆရာဘုန်းကြီးတွေ သင်ပေးလို့ စာသင်သား ကိုရင်ငယ် ပဉ္စင်းငယ်တွေ နားလည်ထားတဲ့ အထာတစ်ခု ရှိတယ် .. 'ကိုယ်နေမယ့် ပရိယတ္တိ စာသင်တိုက် စည်းကမ်း ရှိမရှိကို ကုဋီ(အိမ်သာ)နဲ့ ဆွမ်းစားဆောင်တွေရဲ့ အနေအထားကို ကြည့်ရတယ်'တဲ့။ ကုဋီသန့်ရင် ကျောင်းတိုက် စည်းကမ်းရှိလို့ပဲ။ စည်းကမ်းရှိတဲ့ ကျောင်းမှာနေမှ တိုးတက်မှာ။ လက်တွေ့ ကျတဲ့ အဆုံးအမပါပဲ။ အမှန်တော့ ဘုန်းကြီးကျောင်းသာ မကပါဘူး။ အိမ်တစ်အိမ်၊ နိုင်ငံတစ်ခုရဲ့ လူမှုအဆင့်အတန်းကိုလည်း အိမ်သာနဲ့ စားသောက်ပုံကို ကြည့်ပြီး အကြမ်းဖြင့် ခန့်မှန်းနိုင်တယ်လို့ ဘုန်းကြီး ယူဆတယ်။ လူအချို့ ပိုက်ဆံ ချမ်းသာပေမယ့် ကြားမြင် သုတ နည်းလို့ နေထိုင်ပုံအဆင့် မမီတာမျိုးတွေ တွေ့ဖူးမှာပေါ့။
ဆက်ဖတ်ရန် >>
ချစ်သမီးထံသို့ ပေးစာ
ဘုရင်နှင့် မင်းညီ မင်းသားများကို သိက္ခာချချင်သည်ဟု ထင်ခံရမှာကို ဖေဖေ စိုးရိမ်သည်။ ဖေဖေ့ အနေနှင့် သူတို့ အများစုမှာ ချီးမွမ်းစရာ လေးစားစရာ အနည်းငယ်သာ တွေ့မိသည်။ သို့ရာတွင် ဘုရင် သို့မဟုတ် အင်ပိုင်ရာ အဖြစ်ထက် ပိုပြီး လေးစား ဂုဏ်ယူဖွယ်ကောင်းသည့် ပုဂ္ဂိုလ် တစ် ယောက် အကြောင်းကို ယခု ပြောပြမည်။ ယင်းမှာ စန္ဒဂုတ္တ မောရိယမင်း၏ မြေးတော် အသော ကမင်းအကြောင်း ဖြစ်သည်။ သူ့အကြောင်းကို သမိုင်းဆရာ အိတ်ခ်ျ ဂျီဝဲလ်စ် (သူ့စာ အချို့ကို သမီး ဖတ်ဖူးမှာပါ)က “သမိုင်းစာမျက်နှာ များများရှိပြီး ကြီးကျယ် ခမ်းနားသည့် ဘုရင်အဖြစ် လေးစားခံရသည့် ဘုရင်ဧရာဇ် ထောင်ပေါင်း များစွာအနက် အသောက၏ အမည်မှာ ကြယ်တစ် ပွင့်ကဲ့သို့ တောက်ပ၏။
ဆက်ဖတ်ရန် >>
ဆန္နောဝါဒသုတ်ကို လေ့လာခြင်း
ဆန္နောဝါဒဟူသည် 'အရှသ်ဆန္နအား သြဝါဒပေးခြင်း'ဟု အဓိပ္ပာယ်ရ၏။ သို့ရာတွင် မြတ်ဗုဒ္ဓက သြ ဝါဒ ပေးသည် မဟုတ်။ အရှင်သာရိ ပုတ္တရာနှင့် အရှင်မဟာစုန္ဒတို့က ဆန္နအမည်ရှိ ရဟန်းအား မေးမြန်းခြင်းသာ ဖြစ်၏။ ဆန္နရဟန်း ဟူသည်လည်း ဗုဒ္ဓလောင်းလျာ တောထွက်စဉ်က လိုက်ပါခဲ့သူ အရှင်ဆန္န မဟုတ်။ ဆန္နအမည်ရှိ အခြား ရဟန်းတစ်ပါးသာ ဖြစ်၏။ ဤသုတ္တန်သည် မဇ္ဈိမနိကာယ်၌ ၁၅၂ သုတ် ရှိသည့်အနက် ဥပရိပဏ္ဏာသ (နောက်ဆုံး သုတ်ငါးဆယ်)မှ သုတ်အမှတ် - ၁၄၄ (သဠာယတနဝဂ်၊ တတိယသုတ်) ဖြစ်၏။ သံယုတ္တနိကာယ် သဠာယတန ဝဂ္ဂသံယုတ် (သံ ၃၊ ၂၈၁)၌လည်း ဆန္နသုတ် အမည်ဖြင့် ဤဖြစ်ရပ်ကို မှတ်တမ်းတင်ထား၏။
ဆက်ဖတ်ရန် >>
 
သူတို့ပြောပုံ -၁၆

ဘုရားကျောင်းတွေ ရှုပ်ထွေးတဲ့ ဒဿနတွေ မလိုပါဘူး။ ကျုပ်ရဲ့ ဦးနှောက်နဲ့ နှလုံးသားက ကျုပ်ရဲ့ ဘုရားကျောင်းပါပဲ။ ကျုပ်ရဲ့ ဒဿန ဟာ အကြင်နာတရားပဲ (ဒလိုင်း လားမား)

Quote – 16

There is no need for temples, no need for complicated phylosophies. My brain and my heart are my temples; my kindness is my phylosophy.
(Dalai Lama)